ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask Campaign ပြုလုပ်
Aug 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ လိုက်နာစေရေး အသိပေးနှိုး ဆော်ခြင်းနှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးအတွက် Mask Campaign ကို ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး)၏ လမ်းညွှန်မှုဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာ နေရာများ၊ လမ်းများ၌ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ လက်ကိုင်ပိုစတာများဖြင့် အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း များ ဆောင်ရွက်ခဲ့ကြသည်။