သတင်းများ

ကောလင်းမြို့နယ်၌ တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေး
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များ အား တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်ပက်လက်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။
ကျွန်းစုမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆောင်ရွက်
Aug 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများမရှိစေရေးအတွက် Mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်တီက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးသည့်ဂိတ်များ ပြန်လည်ဖွင့်လှစ်၍ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လုံမြို့ ဝမ်အင် အ.မ .က ကျောင်းရှိ မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ကာ ပင်လုံမြို့သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မန္တလေး−ဗန်းမော် ကားလမ်းမပေါ် အောက်လေးလမ်းဆုံ၌ ယနေ့ နံနက် ၄ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း ဦးဆောင်သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါးခယ်မ၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ (အခြားနည်း) တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချ
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ဘဏရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (အခြားနည်း) တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ပြင်ပသို့ထွက်ခွာသည့်အခါ Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များမှ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအားစစ်ဆေး
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ သူများ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်း (၃၀)ရပ်ကွက်၊ (၃၇)ရပ်ကွက်နှင့် ဗထူးလမ်း တစ်လျှောက်ရှိ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။