သတင်းများ

မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် နေအိမ်ပြင်ပထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရန် အသိပေး နှိုးဆော်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် သင်ရိုးသစ် (စတုတ္ထတန်း) (Grade-4) နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်သင်ကြား
Aug 28,2020
မြိတ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်သင်ရိုးသစ် စတုတ္ထတန်း (Grade-4)(နောက်ဆက်တွဲ)သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါ ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များနှင့်အညီ အထက-၁ ပညာဗိမာန်ခန်းမတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မဲရုံအဖြစ် ဆောင်ရွက်ထားရှိမည့် အ‌ခြေခံပညာကျောင်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Aug 28,2020
(၂၀၂၀)ခုနှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်ကာလအတွင်း ကျန်းမာရေးလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာများ၌ မဲရုံအဖြစ် ဆောင်ရွက်ထားရှိ မည့် အခြေခံပညာကျောင်းများအား ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား​ဆောင်ရွက်နိုင်​ရေး Outdoor Fitness အားကစား ပစ္စည်းများ တပ်ဆင်​ပေး
Aug 28,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် အများပြည်သူ ကိုယ်လက်လှု​ပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် Outdoor Fitness အားကစားပစ္စည်းများကို တပ်ဆင်​ပေးထားကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသနစာတမ်းဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်
Aug 28,2020
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အပြည်ပြည်ဆိုင်ရာသုတေသနစာတမ်းများဖြင့် ထိတွေ့မှုရှိစေရန်နှင့် သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် သုတေသနစာတမ်းဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် သက်ဆိုင်ရာဌာနများအလိုက် စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကလည်း
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ထောင်ဆေးရည်စိမ်ခြင်းများ ပြုလုပ်ဆောင်ရွက်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးရည်စိမ်ခြင်းများနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က အမှတ်(၆၅) ရပ်ကွက်ရှိ ဓမ္မာရုံတော်ကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေး
Aug 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဩဂုတ် ၂၆ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် သစ်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပ ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူး ကြပ်မတ်စစ်ဆေးပညာပေး
Aug 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့် အလေ့အကျင့် ရှိစေရေးနှင့် မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူးကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ် အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။