သတင်းများ

ဖျာပုံမြို့နယ်တွင် တတိယအကြိမ်မြောက် ကျွမ်းကျင်မှုအခြေပြု လျှပ်စစ် ဝရိန်ဆော်နည်း သင်တန်းဖွင့်
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) နှင့် ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် ကျွမ်းကျင်မှု အခြေပြု လျှပ်စစ်ဝရိန်ဆော်နည်း သင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက် တိုးချဲ့ဆောင်ခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံတက္ကသိုလ်၌ ဧကဒသမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဧကဒသမအကြိမ် ဘွဲနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်
Feb 24,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေး ဆရာ ပါရဂူ၏ "ရေစီးကြောင်း" စာအုပ်ဖြင့် စာပေမြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
သီပေါတွင် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက် ပစ္စည်းများ ပြပွဲအခမ်းအနား ပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကြီးများ စီစဉ်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးသည့် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက်ပစ္စည်းများ ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီး၌ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကျင်းပ
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 24,2020
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့နယ်၌ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Feb 24,2020
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ဆရာဝန် များအသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီက မုဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်သည်။
ရွှေဘိုမြို့တွင် မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲကျင်းပ
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။