သတင်းများ

ကော့ကရိတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ဒုတိယနေ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။
အလုံမြို့နယ်၌ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်-၁၉ ​​​ ရောဂါ အန္တရာယ်ကင်းဝေး​စေ​ရေးအတွက် ပရိတ်တရား​တော်များ ရွတ်ဖတ်ပူ​ဇော်
Aug 28,2020
အလုံမြို့နယ်တွင်း​ နေထိုင်ကြ​သော ပြည်သူများ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်-၁၉ ​​​ ရောဂါအန္တရာယ် ကင်းဝေး​စေ​ရေးအတွက် ယ​​နေ့ ည​နေပိုင်းက ပရိတ်တရား​တော်များကို ​​မြို့နယ်တွင်း ရွတ်ဖတ်ပူ​ဇော်ခဲ့​ကြောင်း သိရသည်။
ရေဇွာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်
Aug 28,2020
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေး ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်များကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်၌ စည်ပင်ကော်မတီရွေးချယ်ရာ ငါးကြိမ်ဆက်တိုက် မဲရလဒ်တူညီနေမှုမျိုး ကြုံတွေ့၊ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကိုခံယူမည်
Aug 28,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်ကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင်(၄)ဦးကို မဲပေးရွေးချယ်ရာ ရပ်မိ/ရပ်ဖ များမှ ရွေးချယ်သော ရပ်ကွက်/ကျေးရွာအုပ်စု ကိုယ်စားလှယ်(၈)ဦးထဲမှ နှစ်ဦးကို ပတ်လည်မဲပေးစနစ်ဖြင့် ရွေးချယ်သည့်အချိန်တွင် ဒုတိယနေရာမှ နှစ်ဦးမှာ ငါးကြိမ်ဆက်တိုက် မဲရလဒ်တူညီနေမှုမျိုး ကြုံတွေ့ခဲ့ရသည်။
ကျောက်တံတားမြို့နယ်အတွင်း ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် အသိပညာ​ပေး လှုပ်ရှားမှုများ​ ဆောင်ရွက်
Aug 28,2020
ပြည်သူများ Covid-19ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာစေရန်နှင့် အပြင်ထွက်တိုင်း mask တပ်ဆင်ရေး အတွက် အသိပညာပေး နှိုးဆော်ခြင်း mask campaign ကို ယမန်​နေ့နံနက်ပိုင်းက ​ကျောက်တံတား မြို့နယ်အတွင်းရှိ လမ်းမများ​ပေါ်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အထင်ကရ စျေးကြီးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Mask တပ်ဆင်ရေး Campaign များ ပြုလုပ်၍ Mask များအခမဲ့ဖြန့်ဝေ
Aug 28,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အထင်ကရ စျေးကြီးများဖြစ်သည့် ကြက်၊ ဘဲ စျေး၊ သိမ်ဖြူစျေးနှင့် စံပြစျေးတို့၌ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးအကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ကြေညာပေးခြင်းနှင့် Mask Campaign အဖြစ် Mask များ ဖြန့်ဝေ ပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုဖြစ်ပွား
Aug 28,2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်မှာ ယနေ့ နံနက် ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်း(၂၅၀၀)အခမဲ့ဖြန့်ဝေ
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ယ‌မန်‌နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်‌ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဦးဆောင်၍ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၊ အမှတ်(၃)လမ်း၊ အောင်စည်း ခုံလမ်းနှင့် ကာယ(၁၂)လမ်းတို့ တွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။