ရခိုင်ပြည်နယ် မောင်တောမြို့မှ ပုံပါကျင်မြို့သို့ ရောက်ရှိလာသူအား Home Quarantine ထားရှိ

ပုံပါကျင်        ဩဂုတ်     ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သို့ ရခိုင်ပြည်နယ် မောင်တောမြို့မှ ရောက်ရှိလာသူ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ပုံပါကျင်မြို့ ၎င်း၏နေအိမ်တွင် ယမန်နေ့ ည (၉:၃၀)နာရီအချိန် က Home Quarantine ထား ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် မောင်တောမြို့ အောင်ချမ်းသာရွာမှ ဩဂုတ်လ(၅) ရက်နေ့က စတင် ထွက်လာပြီး စစ်တွေမြို့မှတစ်ဆင့် Golden Myanmar လေကြောင်းလိုင်းဖြင့်  ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်သို့ရောက်ရှိပြီး အဖျောက်မြို့သို့ taxi ဖြင့်သွားကာ (၂)ရက် နေထိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ဩဂုတ်လ(၇) ရက်နေ့က တောင်ကြီးမြို့သို့ ဒို့ညီနောင်ကားဖြင့် ထွက်ခွာခဲ့ရာ ဩဂုတ်လ(၈) ရက်နေ့ နံနက် (၄)နာရီခန့် က ရောက်ရှိခဲ့သည်။ ထို့နောက် တောင်ကြီးမြို့မှ ဩဂုတ်လ(၂၇) ရက်နေ့ က ရှမ်းရွှေမြေကားဖြင့် မိုင်းတုံမြို့သို့ ည (၇)နာရီခန့်တွင် ရောက်ရှိခဲ့ပြီး မိုင်းတုံမှတစ်ဆင့် ပုံပါကျင်မြို့သို့ ရွှေလပြည့်ဝန်းကားနှင့် ထွက်ခွာခဲ့ရာ ည (၉:၃၀)ခန့် က ပုံပါကျင်မြို့သို့ ရောက်ရှိခဲ့သည်။

၎င်းနှင့်အတူ အသက်(၁နှစ်၇လ)အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၂၉)နှစ် အမျိုးသားတစ်ဦးနှင့် မိုင်းတုံမြို့မှ ပုံပါကျင်သို့ လိုက်ပါပို့ဆောင်သူ အသက်(၄၃)နှစ် ယာဉ်မောင်းတစ်ဦး စုစုပေါင်း(၄)ဦးအား ပုံပါကျင်မြို့တွင် Home Quarantine ထားရှိပြီး ၎င်းနှင့်အတူ တောင်ကြီးမြို့မှ နားကောင်းမူးသို့ ကားအတူစီးလာသူ ခရီးသည် (၂)ဦးအားလည်း နားကောင်းမူးကျေးရွာတွင် Home Quarantine ထားရှိထားကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)