သတင်းများ

ကျုံပျော်မြို့နယ်တွင် ၈ တန်းနှင့် ၄ တန်းစာမေးပွဲ ကို ၇၉၇၆ ဦး ဝင်ရောက်ဖြေဆို
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ၈ တန်းနှင့် ၄ တန်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၇၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
လေးမျက်နှာ မြို့နယ်တွင် စာစစ်ဌာန ( ၆ ) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 24,2020
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန (၆) ခု၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 24,2020
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
အင်းစိန်ရွာမချောင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု
Feb 24,2020
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ (၅) တွင် တည်ဆောက်လျက်ရှိသော ရွာမ ချောင်းကူးတံတား တည်ဆောက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့က ကွင်းဆင်းကြည့်ရှုခဲ့သည်။
မိုးညှင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Feb 24,2020
မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၌ကျင်းပသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ အဋ္ဌမအကြိမ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ
Feb 24,2020
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ ၂၀၂၀ - ၂၀၂၃ အဋ္ဌမအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက SWEN HOTEL ၌ကျင်းပခဲ့သည်။
ဘုတလင်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယောဆရာတော်၏ ဓမ္မသဘင်ကျင်းပ
Feb 24,2020
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရှင်သိရိန္ဒာဘိဝံသ ယောဆရာတော်၏ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီအချိန်တွင် သာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။