သတင်းများ

အိမ်မဲမြို့မစျေးကြီးအတွင်း စျေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေး
Aug 28,2020
ဧရာဝတီတိုင်းကြီး အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ပြင်သစ်အခြေစိုက် TOTAL ကုမ္ပဏီမှ A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝ ဓာတ်ငွေ့စီမံကိန်းများအား ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်း
Aug 28,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီက ပြင်သစ်အခြေစိုက် TOTAL ကုမ္ပဏီမှ တာဝန်ရှိသူများ က A6 ရေနက်ကမ်း လွန်လုပ်ကွက် သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့များ၊ ရေလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ‌ရှင်းလင်းပွဲကို ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဗန်းမော်မြို့နယ် ကမ်းနားလမ်းယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေးအသိပညာပေးပြောကြားပြီး Mask များအခမဲ့ဖြန့်ဝေ
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကမ်းနားလမ်းယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေး အသိပညာပေး ပြောကြားပြီး Mask များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်း က မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် ကျေးရွာ(၆)ရွာရှိ အိမ်ထောင်စုပေါင်း(၄၈၀)ကျော်ကို ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေထုတ်ချေးပြီးစီး
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင်ကျေးရွာ(၆)ရွာရှိ အိမ်ထောင်စုပေါင်း (၄၈၀)ကျော်ကို ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ချေး ငွေထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကားမှတ်တိုင်များ၊ စျေးများ၌ နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ် ၁၂၄ ရပ်ကွက်ရှိ​ကားမှတ်တိုင်များနှင့် အမှတ် ၁၃၃ ရပ်ကွက်စျေးတွင် ဆောင်ရွက်ခဲ့ကြသည်။
တွန်းဇံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်အရ မိုးစပါးထုတ်တောင်သူများအား ထောက်ပံ့ငွေပေး
Aug 28,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉ - ၂၀၂၀ ပြည့်နှစ် မိုးစပါးထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။