ဒဂုံမြို့နယ်၌ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ ဩဂုတ် ၂၈

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အ-ထ-က(၂)ဒဂုံ ကျောင်းရှေ့၌   မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်မင်းလွင်နှင့်   ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့်    ရပ်ကွက်တာဝန်ခံတို့ ပူးပေါင်း၍ ယမန်နေ့ည ၉နာရီမှ ၁၂နာရီထိ ယာဉ်ကြော ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ စိတ်အေးချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေ ရေး တို့အတွက်  လမ်းတလျှောက် ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ၊  လမ်း၏ သတ်မှတ် မိုင်နှုန်းမောင်းနှင်းမှုများ၊ ယာဉ်မောင်းရာ တွင် လိုက်နာရမည့် စည်းကမ်းချက်များသိရှိစေရန် ယာဉ်စစ်ပိတ်ဆို့စစ်ဆေးကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့် နေ့စဉ်ခရီးသွား ပြည်သူများအတွက် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှု များနှင့် အခြားမလိုလား အပ်သည့် အန္တရာယ်များ ကင်းဝေစေရန် စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)