ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ရှောင်တခင်စစ်ဆေး

ပုလော  သြဂုတ်လ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့ပေါ် ရပ်ကွက်များတွင် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ဦးဆောင်သော  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဇင်ထိုက်၊ မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာပြုံးချိုနှင့် ကျန်းမာရေး၀န်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် လက်ဆေး ဘေစင် ရှိ/မရှိ၊ ဆိုင်ရှင်များ Mask တပ်ဆင်ရန်နှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွားအဝေးများ ထားရှိခြင်းရှိ /မရှိ ရှောင်တခင် စစ်ဆေးခဲ့ပြီး၊  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များအပေါ် လိုက်နာခြင်းမရှိပါက ပထမအကြိမ်တွင်  ငွေဒဏ် (၁၀၀၀၀) ကျပ် ဆောင်စေ၍ ဒုတိယအကြိမ် ဆိုင် (၃) ရက်ပိတ်စေခြင်းနှင့် တတိယအကြိမ်ရက်အကန့်အသတ်မရှိ ပိတ်သိမ်းစေခြင်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)