မုလအိ မုလအ ဘုရားတောင်တက်ယာဉ် ကားဂိတ်ဖွင့်လှစ်ခြင်း ကျင်းပ
Feb 24,2020
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မုလအိ မုလအ ဘုရားသို့ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်နှင့် ဘုရားဖူးပြည်သူများအနေဖြင့် စေတီနှစ်ဆူသို့ လွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် တောင်တက်ယာဉ် ကားဂိတ်အသစ်အား စုကလိမြို့ တာနောထကျေးရွာ မုလအိ မုလအ လမ်းဆုံတွင် ယမန်နေ့က ဖွင့်လှစ်ပေးခဲ့သည်။