ဘိုကလေးမြို့နယ်တွင် အသိပညာပေးကာလအဖြစ် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေး
Aug 28,2020
နေရာဒေသအနှံ့အပြားတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား လျက်ရှိနေသည့်အတွက် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့ကူးစက်မှု မရှိစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီတွင် ဘိုကလေးမြို့နယ် အောက်ပိုင်း ဘောလုံးကွင်းဒေါင့်၌ သွားလာ လှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး ကာလအဖြစ် နှှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခဲ့ပြီး နှှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြသည်။