ကမာရွတ်မြို့နယ်၌ ငါးနှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ကမာရွတ် ဩဂုတ် ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက  အမှတ် (၇)ရပ်ကွက်ဓမ္မာရုံ၌ စတင်တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။

ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးရာတွင် “ကလေးများ သန်မာဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ သန်ချဆေးကို တိုက်ကျွေးစို့” ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ် တိုင်းပေးခြင်း၊ ဆေးတိုက် ကျွေးရာတွင် အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ် များအား ဗီတာမင်အေ (၁)သိန်းအား အသက်(၁)နှစ်မှ (၅)နှစ်အထိက လေးငယ်များအား ဗီတာမင်အေ(၂)သိန်းအားနှင့် အသက် (၂)နှစ်မှ(၅)နှစ်အထိ ALBENDAZOLE (၄၀၀)မီလီဂရမ် သန်ချဆေး(၁)လုံးတို့ကို ကျန်းမာရေးအားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ကိုယ်ဝန်ဆောင်(၃)လအထက် အမျိုးသမီးများကိုလည်း အားဆေးများ ပေးခြင်းတို့ကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ခံဆရာမများနှင့် တာဝန်ရှိသူများ၊ ကမာရွတ်မြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။

စိမ်းလဲ့(ပြန်/ဆက်)