ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask Campaign ပြုလုပ်

ကမာရွတ် ဩဂုတ် ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ လိုက်နာစေရေး အသိပေးနှိုး ဆော်ခြင်းနှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးအတွက် Mask Campaign ကို ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး)၏ လမ်းညွှန်မှုဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များမှ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ လမ်းများ၌ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ လက်ကိုင် ပိုစတာများဖြင့် အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်း များ ဝေငှပေးခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

ဈေးဝယ်ပြုလုပ်သည့် အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်း မပြုရန် စသည် တို့ကို လည်း ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)