အုတ်ဖိုမြို့တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်

အုတ်ဖို သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်း က မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ လျှောက်ထားလာသော ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)နှင့် ပုံစံ(၃−က)တို့တွင် ပါရှိသော အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် မဲစာရင်းတွင် ရေးသွင်း ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်ဆောင်ရွက်ပြီးစီးသည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရန်  မြို့နယ်မဲစာရင်း စိစစ်ရေး ကော်မတီမှ ပြန်လည်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကော်မရှင်ရုံးမှ သိရသည်။

အောင်သူ(အုတ်ဖို)