ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကားမှတ်တိုင်များ၊ စျေးများ၌ နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်

ဒဂုံ(အရှေ့) သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ် ၁၂၄ ရပ်ကွက်ရှိ​ ကားမှတ်တိုင်များနှင့် အမှတ် ၁၃၃ ရပ်ကွက်စျေးတွင်  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ နှာခေါင်းစည်းတပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင်(၈) ဦးသူရအောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် ကော်မတီအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အမှတ် ၁၂၄ ရပ်ကွက်ရှိ ကားမှတ်တိုင်များနှင့်အမှတ် ၁၃၃ ရပ်ကွက်ရှိပျံကျစျေး တွင် ဈေးဝယ် သူများနှင့် ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန် အသိပညာ ပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်း စည်းများ ဝေငှပေး ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)