ရွှေသောင်ယံမြို့တွင် ပြင်သစ်အခြေစိုက် TOTAL ကုမ္ပဏီမှ A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝ ဓာတ်ငွေ့စီမံကိန်းများအား ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်း

ရွှေသောင်ယံ   ဩဂုတ်   ၂၈

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီက ပြင်သစ်အခြေစိုက် TOTAL ကုမ္ပဏီမှ တာဝန်ရှိသူများ က A6 ရေနက်ကမ်း လွန်လုပ်ကွက် သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့များ၊ ရေလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ‌ရှင်းလင်းပွဲကို ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ TOTAL ကုမ္ပဏီ၏ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိ ဦးစောဟဒ်စံ က လုပ်ကွက် အသေးစိတ်ကိုရှင်းလင်းပြီး Total ကုမ္ပဏီ၏ EIA ဆန်းစစ်ချက် ERM အကြီးတန်းအတိုင်ပင်ခံ အရာရှိ ဦးနေဆန်းလင်း က A6 လုပ်ကွက်ကြောင့်ပ တ်ဝန်းကျင်ကိုထိခိုက်မှုမရှိအောင် လျှော့ချ ထိန်းသိမ်းခြင်းလုပ်ငန်းများ ပင်လယ်ရေနေသတ္တဝါများကို ကာကွယ်ထိန်းသိမ်းထားသော A6 ဧရိယာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကမ်းလွန်လုပ်ကွက် A6 အတွက် ကုမ္ပဏီ၏ လုပ်‌ဆောင်မှုအစိတ်အပိုင်းများကို တာဝန်ရှိသူများက ဆက်လက်ရှင်းလင်းတင်ပြပြီး တတ်ရောက် လာကြသော အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ပြည်သူများမှ သိလိုသည့်အချက်အလက်များကို ပြန်လည် မေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)