ဗန်းမော်မြို့နယ် ကမ်းနားလမ်းယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေးအသိပညာပေးပြောကြားပြီး Mask များအခမဲ့ဖြန့်ဝေ

ဗန်းမော်         ဩဂုတ်    ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကမ်းနားလမ်းယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေး အသိပညာပေးပြောကြားပြီး Mask များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်  ၆ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဈေးအတွင်းရောင်းချစေခြင်း၊ ကမ်းနားလမ်းယာယီပျံကျဈေးတွင် ဈေးသည်ဈေးဝယ်များပြားသည့် နေရာဖြစ်သည် နှင့်အညီ လူတစ်ဦး တစ်ယောက်ချင်းစီကစ၍ ရောဂါကာကွယ်ရေးကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ လက်ကို မကြာခဏဆေးကြောသန့်စင်ကြရန်နှင့် Mask များကို ကိုယ်စီတပ်ဆင်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး Mask မပါသည့် ဈေးသည် ဈေးဝယ်များအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် သားသတ်နှင့် ဈေးဌာနစိတ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)