မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် နေအိမ်ပြင်ပထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရန် အသိပေး နှိုးဆော်

မအူပင်   ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သြဂုတ်လ ၂၆ ရက် ရက်စွဲပါစာအမှတ် ၈၀၀/၈-၂/၃၂၁၄ အစိုးရ ဧရာဝတီ၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပေါ် နေသည့်အတွက် ပြည်သူများ အနေဖြင့် ရောဂါကူးစက်မှုများ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရန်နှင့် ဩဂုတ်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေးကာလ ကျော်လွန်သည့် ဩဂုတ်လ ၃၀ ရက်နေ့မှစ၍ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိပါက နှာခေါင်းစည်း (Mask) ၃ ခုလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများသိရှိရန်နှင့် တိကျစွာလိုက်နာရန်လိုက်လံနှိုး ဆော်ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးရေး ကော်မတီထံမှ သိရသည်။

အောင်ခိုင် (မအူပင်)