ဒဂုံတောင် သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ် ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးရည်စိမ်ခြင်းများနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန် နေ့ မွန်းတည့်(၁၂)နာရီအချိန်က အမှတ်(၆၅) ရပ်ကွက်ရှိ ဓမ္မာရုံတော် ကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေး မှူးတို့က ခြင်ထောင်ဆေးရည်စိမ်ခြင်းများကို လက်တွေ့ပြုလုပ်ဆောင်ရွက်ပြသခဲ့ပြီး ရပ်ကွက်နေပြည်သူများ နေအိမ် သို့ တက်အိမ်တက်ဆင်း လိုက်လံ အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်းများ ဆက်လက်ပြုလုပ် ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)