မန္တလေး ဩဂုတ် ၂၈
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အပြည်ပြည်ဆိုင်ရာသုတေသနစာတမ်းများဖြင့် ထိတွေ့မှုရှိစေရန်နှင့် သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် သုတေသနစာတမ်းဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် သက်ဆိုင်ရာဌာနများအလိုက် စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကလည်း တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတေသနစာတမ်းဖတ်ကြားရာတွင်တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) အင်္ဂလိပ်စာဌာနမှ ဌာနမှူး ဦးသန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဒေါ်မေဖြိုးမောင်က JENNA WALTER ရေသားသော 8 SIMPLE STEPS TO WRITE A PERFECT RESEARCH PAPER ခေါင်းစဉ်ဖြင့် သုတေသန စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသော လက်ထောက်ကထိကဆရာမများက စာတမ်းအပေါ် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)