ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား​ဆောင်ရွက်နိုင်​ရေး Outdoor Fitness အားကစား ပစ္စည်းများ တပ်ဆင်​ပေး

ဖာပွန် သြဂုတ် ၂၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် အများပြည်သူ ကိုယ်လက်လှု​ပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် Outdoor Fitness အားကစားပစ္စည်းများကို တပ်ဆင်​ပေးထားကြောင်း သိရသည်။

အများပြည်သူ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်​ရေး တပ်ဆင်​ပေးသည့် Outdoor Fitness အားကစားပစ္စည်းများမှာ ပြည်နယ်အစိုးရအဖွဲ့မှ ​ထောက်ပံ့​ပေးခြင်းဖြစ်​ကြောင်း၊ အားကစားပစ္စည်းများတပ်ဆင်ခြင်းကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်း၊ ဖာပွန်မြို့၊ မိုးလုံ​လေလုံအားကစားခန်းမဘေးတွင် Outdoor Fitness အားကစားပစ္စည်းတစ်စုံနှင့် ရပ်ကွက် (၁) ယွန်းစလင်း​ချောင်း​ဘေးတွင် Outdoor Fitness အားကစားပစ္စည်းတစ်စုံ တပ်ဆင်​ပေးထားကြောင်း၊ မည်သူမဆိုလွတ်လပ်စွာဖြင့် ကျန်းမာ​ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ​ဆောင်ရွက်နိုင်​ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)