သတင်းများ

အင်းစိန်မြို့နယ် ပြည်သူလူထုအ​ခြေပြု ဖျားနာကု​ဆေးခန်းတွင် လာ​ရောက်ပြသသူများပြား
Aug 28,2020
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထား​သော ပြည်သူလူထုအ​ခြေပြု ဖျားနာကု​ဆေးခန်း(Fever Clinic) တွင် ယမန်​နေ့က လာ​ရောက်ပြသသူ (၂၂၄) ဦးရှိ​ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိ မြို့နယ်တိုင်းရင်းဆေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေး
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း စံမညီ တိုင်းရင်းဆေးဝါးများ ရောင်းချနေမှုရှိ/မရှိကို မြို့နယ်တိုင်းရင်းဆေးဝါးကြီးကြပ်မှု ကော်မတီမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 28,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံ လာရောက်သည့် MV PAN GOLD သင်္ဘောပေါ်မှ သင်္ဘောသား (၁၇) ဦးနှင့် အိန္ဒိယနိုင်ငံမှလာရောက်သည့် MV-ADMIRALTY SPIRIT ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး စုစုပေါင်း သင်္ဘောသား (၂၀) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား မိဘပြည်သူများ သိရှိနိုင်ရေးလိုက်လံနှိုးဆော်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ (၅)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်ရေး လိုက်လံနှိုးဆော်နေခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံ​​မြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း(Mask)နှင့် Face Shield များ အခမဲ့ဖြန့်ဝေ
Aug 28,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း(Mask)နှင့် face shield များကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က လူများစုဝေးသွားလာလျက်ရှိသော နေရာများသို့ မြို့နယ်စည်ပင်သာယာ ကော်မတီက အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Aug 28,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနများက ယနေ့ နံနက် (၈) နာရီအချိန်က လူသွားလူလာများ သော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းမပြုရေး ကွင်းဆင်းစစ်ဆေး
Aug 28,2020
ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့်ဈေးဆိုင်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းမပြုရေး မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှားတောမြို့တွင်းသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 28,2020
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ တို့တွင် ဆောင်ရွက်ခဲ့သည်။