မြိတ် ဩဂုတ် ၂၈
မြိတ်မြို့နယ်အတွင်း၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်သင်ရိုးသစ် စတုတ္ထတန်း(Grade-4)(နောက်ဆက်တွဲ)သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ၂၉ ရက်နေ့ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ Covid-19 ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အထက-၁ ပညာဗိမာန်ခန်းမတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်း (ပထမ) အကြိမ်၊စတုတ္ထတန်းသင်ရိုးသစ်(Grade-4)သင်တန်း ဖွင့်လှစ်စဉ်က ခွင့်ခံစားနေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရန်ကျန်ရှိခဲ့သည့် မူပြဆရာ၊ ဆရာမများ၊ အသစ်ခန့်ထားသည့်ဆရာ၊ ဆရာမများအား ယခုကဲ့သို့ စတုတ္ထတန်းသင်ရိုးသစ် (Grade-4)နောက်ဆက်တွဲသင်တန်းကို ဩဂုတ်လ(၂၄ ရက်မှ ၂၉ ရက်နေ့)အထိ (၆) ရက်အကြာသင်ကြားပေးနေခြင်းဖြစ်ပြီး၊ သင်တန်းသားစာရင်းရှိ ဆရာ၊ ဆရာမ (၃၄) ဦးကို Online Training ဖြင့် သင်တန်းတက်ရောက်ပြီးသည့် နည်းပြဆရာ၊ ဆရာမ (၄) ဦး၊ ကြီးကြပ် (၃) ဦးနှင့် အခန်း (၂) ခန်းခွဲ၍ ဆင့်ပွါးသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ(Grade-4)(နောက်ဆက်တွဲ)သင်တန်းမှာ အဓိကဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝအတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာ၊ အနုပညာနှင့်ဂီတ စသည့် ဘာသာရပ် (၁၀) ခုကို ဗွီဒီယိုသင်ခန်းစာအဖြစ် ဗွီဒီယိုပြသသင်ကြား၍ ပြန်လည်ဆွေးနွေးခြင်းများဖြင့် ထပ်ဆင့်သင်ကြားပေးနေကြောင်း သင်တန်းမှူး မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်ထံက သိရသည်။
ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)