ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့် အလေ့အကျင့် ရှိစေရေးနှင့် မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူးကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ် အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ် အတွင်း လူစည်ကားသည့် ဗဟိုလမ်းမပေါ်၊ စက်တပ်ရေ ယာဉ်(သမ္ဗန်ဆိပ်)အနီး၊ မြို့ပတ်လမ်း၊ မြို့မဈေး စသည့်နေရာများတွင် အကာအကွယ်Mask တပ်ဆင် ခြင်းမရှိပဲ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်ခွာသူများကို စစ်ဆေး၍ Mask ချက်ချင်းဝယ် ချက်ချင်းတပ်စေပြီး၊ Mask တပ်ဆင်ရခြင်း၏ အကျိုးကျေးဇူးနှင့် အပြင်သွားတိုင်း Maskတပ်ဆင်သည့် အလေ့အကျင့်ရှိအောင် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြုမူ နေထိုင် ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပညာပေးဆွေးနွေး ပြောကြား ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)