လပွတ္တာ၌ စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်

လပွတ္တာ  သြဂုတ်  ၃၀

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ငါးလုပ်ငန်းဦးဌာနမှ  လပွတ္တာ မြောင်းမြ ကားလမ်းဘေးရှိ နည်းပညာပြန့်ပွားရေးစင်တာ မျိုးသန့်ထုတ် စံပြစိုက်ခင်း လယ်ကွင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ()နာရီ အချိန်က ကျင်းပခဲ့သည်။

စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲတွင် ထိုင်းငါးခုံးမ ကောင်ရေ (၅၀၀၀၀) ကို လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ တောင်သူများက စပါးစိုက်ခင်းများတွင်း စုပေါင်းစိုက်ထည့်ပေးခဲ့သည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးသယံဇာများကို ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိင်ရေး အတွက် စပါးစိုက်များအတွင်း ငါးမျိုးများစိုက်ထည့်ခြင်းဖြစ်ကြောင်း စပါးစိုက်ခင်းများတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းဖြင့် တောင်သူများ၏ စားဝတ်နေရေး အခက်အခဲများ အဆင်ပြေစေရန်နှင့်တောင်သူများကို ငါးမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)