ဟိုပုံးမြို့ တောင်ရပ်ကွက်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

ဟိုပုံး   ဩဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်  ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက်() နာရီအချိန်က ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိနိုင်ရေး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးအတွက်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများကကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ကျေးရွာအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးတို့က ဟိုပုံးမြို့၊ တောင်ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသော ပြည်သူ(၂၉)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ်ခဲ့ကြသည်။ 

ဆက်လက်ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ပါရှိနိုင်ရန်ကွင်းဆင်းစိစစ်မှုများ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)