၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ထန်းတပင်(ပဲခူး) ဩဂုတ် ၃၀

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်လစ်လပ် နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့်နိုင်ငံ သား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်ငူခရိုင်   ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆောင်ရွက်ပေးမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး မှမြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းနှင့်ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ကင်မွန်းချုံကျေးရွာအုပ်စုအတွင်း၌ မဲစာရင်းတွင် အမည်စာရင်းပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူ(၁၂၀)ဦးအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေ‌ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သန်းထွန်း (ပြန်/ဆက်)