သာယာဝတီ သြဂုတ် ၃၀
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄၂)ဦး၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀)နှင့် ပဲခူးတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ သို့ အမည် စာရင်းတင်သွင်းထားသည့် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စား လှယ်လောင်း (၈)ဦး တို့၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀-က)များအားသာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ယနေ့ နံနက် ၉နာရီက ကပ်ထားကြေငြာထားသည်။
ထို့အပြင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတွင် ကပ်ထားကြေငြာထားကြောင်း သိရသည်။
သန့်ဇော်(ခရိုင်/ပြန်ဆက်)