ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာများအရောက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်

 

ဝါးခယ်မ  သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကျေးရွာများအရောက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေလောင်းကျေးရွာအုပ်စု အထက (ရွှေလောင်း) ကျောင်း၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ   တိုင်းဒေသကြီးဦးစီးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့်   ပြည်သူတို့၏   အဓိကလိုအပ်ချက်ဖြစ်သော   နိုင်ငံသား စိစစ်ရေး ကတ်ပြား  ထုတ်ပေးရေးလုပ်ငန်းကိုသက်ဆိုင်ရာ မြို့နယ်    ဦးစီးမှူးရုံးများ၌ ဆောင်ရွက်ပေးနေ သည့်အပြင် သစ္စာစီမံချက်ရေးဆွဲကာ စက်ရုံ အလုပ်ရုံ၊   စက်မှုဇုန်များ၊   စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိ ပါကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်သူများကို ကိုင်ဆောင် သင့်သည့်   မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မိမိတို့ဌာနအနေ  ဖြင့်လည်း ယခုကာလအတွင်း သစ္စာစီမံချက်ဖြင့် ရုံးပိတ် ရက်များပါမကျန် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောင်းမြခရိုင်ဦစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးလှအေးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မှုနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သစ္စာစီမံချက် ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့် ရွှေလောင်း၊ စပါးရို၊ ကမ်းပြို၊ စပ်ထုံး၊ ဟသ်ာထုံး စသည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ စုစုပေါင်း ၁၀၇၂ ဦးအတွက် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများကို တာဝန်ရှိသူများက ကျေးရွာပြည်သူတစ်ဦးချင်းထံ လက်ဝယ်အရောက်ပေးအပ် ကြသည်။

ထို့နောက်  တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ   ဝါးခယ်မ မြို့နယ် ဦးစီးမှူးရုံးမှ  ဝန်ထမ်းများ လှေကျင်းရပ်ကွက်၌ ပြည်သူများအား     နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက်   မှတ်တမ်းမှတ်ရာ၊   စာရွက် စာတမ်းများ  ဖြည့်သွင်းပြုစု ဆောင်ရွက် နေမှုကို  ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)