မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းဆောင်ရွက်

မင်းတုန်း  ဩဂုတ် ၃၀

မကွေးတိုင်း ဒေသကြီး၊မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌  ယနေ့နံနက် ၁၀ နာရီ တွင် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီအဖွဲ့က မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်ကြေညာသည့်မဲစားရင်းတွင် ပုံစံ(၃)၊ပုံစံ(၃-က)၊ပုံစံ(၄)၊ပုံစံ(၄-ဂ) များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၆)အုပ်စုမှ ပြင်ဆင်ချက်လျောက်ထားလာ၍ ပြင်ဆင်းထားသော မဲစာရင်းများ အား သတ်မှတ်ပုံစံ လျောက်လွှာများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊အမည်နှင့်အချက် အလက်များ မှန်၊ မမှန်တို့အား တိုက်ဆိုင်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 ချင်းကလေး(NRDC)