၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ငွေဆောင်  ဩဂုတ် ၃၀

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင် ငွေဆောင်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးမှုကို ငွေဆောင်မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ ဦးစီးမှူး ဦးသက်ခိုင်မှ သစ္စာစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်အတွင်း၌ မဲစာရင်းတွင် အမည် စာရင်းပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူ များ အားကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေ‌ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက် များ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မူမူသွင် (ပြန်/ဆက်)