ဖျာပုံမြို့၌ ကိုဗစ်-၁၉ကော်မတီမှ နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာနိုင်ရေး Mask Campaign ပြုလုပ်

ဖျာပုံ  သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှဦးဆောင်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား Maskများအခမဲ့ဝေငှခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ဒုတိယလမ်း မီပွိုင့် ဒေါင့်နှင့် မြောက်ပိုင်းစျေးရှေ့၌ပြုလုပ်ကြသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်လှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် မြို့နယ် ကိုဗစ်ကော်မတီဝင်များမှ မြို့နယ်အတွင်းရှိ ဒုတိယလမ်းမီးပွိုင့်ရှေ့နှင့် မြောက်ပိုင်း စျေးရှေ့တို့တွင် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူမျာအားMaskအခု(၁၀၀၀) အားအခ မဲ့တပ်ဆင်ဖြန့်ဝေဆောင်ရွက်ပေးကြသည်။

အဆိုပါMask CamPaignပြုလုပ်ခြင်းကိုဖျာပုံမြို့နယ်၌(၂၇-၈-၂၀၂၀)ရက်နေ့မှ(၂၉-၈-၂၀၂၀) ရက်နေ့အထိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း Mask ကိုမဖြစ်မနေတပ်ဆင်ပြီးမှသာ၊ သွားလာစေရေး အသိပညာပေးအနေဖြင့် ပြုလုပ်ကြပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ နေထိုင်သွားလာစေရေး၊ မြို့နယ် အဆင့်စည်းကမ်းထိန်း သိမ်းရေးအဖွဲ့မှ သြဂုတ်လ(၃၀)ရက်နေ့မှစတင်ကာ Mask(၃)ခု ကို(၃၀၀၀)ထောင်ကျပ်ဖြင့် ယခုဝယ်ယခု တပ်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)