ရေကြည် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက် (၈) နာရီအချိန်က နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ်ယခုတပ်" အစီအစဉ်ဖြင့်ဒဏ်တပ် အရေးယူခဲ့ကြောင်း သိရသည်။
လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးလမ်းဆုံလမ်းခွများတွင် စစ်ဆေးဆောင်ရွက် လျက် ရှိပြီး ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် Mask များတပ်ဆင်စေရန်အတွက်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိ သူထံမှ သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွှန့် ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များကလိုက်လံစစ်ဆေး အရေး ယူခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)