ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်း ညောင်ရွှေမြို့၌ဆောင်ရွက်

ညောင်ရွှေ      ဩဂုတ်         ၃၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လမ်းသွားလမ်းလာပြည်သူများ၊ စျေးဝယ်သူ စျေးရောင်းချ နေသူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီမှစတင်၍ ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းရှိ ယာယီဈေး၊ ဖောင်တော်ဆိပ်လမ်းနှင့် မြို့ဝင်မုခ်ဦး လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း (Mask) ၁၅၀၀ ခုကို အခမဲ့ တပ်ဆင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်