သတင်းများ

ရေကြည်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ ကောက်ပွဲ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင်အသစ်ပြုလုပ်နိုင်ရေး၊ အိမ်ထောင်စုဇယားမှာ မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ပျောက်ဆုံးသူများ၊ အသက်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့် မဆုံးစေရေး တို့အတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၈)နာရီတွင် ဗထူးရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Aug 31,2020
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး အသိပညာပေးလှည့်လည် နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့နေ့လယ် ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျေးလက် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျေးရွာ၏ လူစည်ကားရာနေရာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး မန္တလေးမြို့တော်၀န်မှ Double arms များ တပ်ဆင် နေမှုကို ကြည့်ရှုစစ်ဆေး၍ Led မီးလုံးနှင့် Single Arms များ ပေးအပ်လှူဒါန်း
Aug 31,2020
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီးဌာန၀န်ကြီး၊ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင် သည် တိုင်းစည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး ၊ ဒုအင်ဂျင်နီယာမှူးကြီး ဦးအောင်နိုင်ဦး တို့လိုက်ပါ၍ စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က မြို့တွင်း ရန်ကုန်-မန္တလေးကား လမ်းဟောင်း လမ်းလယ် ကျွန်း တွင် ခေတ်မီလမ်းမီးတိုင် Double arms များ ထပ်မံ တပ်ဆင်နေမှုကို ယမန်နေ့ ညနေ(၅)နာရီ က ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ပြည်သူများအား mask များ အခမဲ့ဖြန့်ဝေပေး
Aug 31,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွန်ချက်ဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က ယနေ့နံနက် (၇)နာရီအချိန် က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး မင်္ဂလာရပ်ကွက်ရှိ နံနက်ခင်းဈေးတွင် mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိဈေးများအတွင်း နှာခေါင်းစည်း(mask)တပ်ဆင်မှု ရှိ/ မရှိစစ်ဆေး
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အောင်မင်္ဂလာဈေးမှ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံနေရာ စီစဉ်ထားရှိမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 31,2020
အောင်မြေသာစံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်များအလိုက် မဲရုံနေရာ စီစဉ်ထားရှိမှုများကို ယမန်နေ့ နံနက် ၉နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြ‌ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်များအား ကပ်ထားကြေညာ
Aug 31,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
ငဖဲမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းများတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Human Papillomavirus) ထိုးနှံပေးနိုင်ရေးအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် ၈နာရီမှ ညနေ ၄နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်း(၆၃)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။