ဘောဂလိ ဩဂုတ် ၃၁
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး အသိပညာပေးလှည့်လည် နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျေးရွာ၏ လူစည်ကားရာနေရာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘောဂလိမြို့ သပြေညွှန့်ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမခံရစေရေး ရည်ရွယ် လျက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လတ်တလော ကမ္ဘာပေါ်၌ ဖြစ်ပေါ်ပြန့်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID- 19 Disease) အန္တရာယ်အား ကူးစက်ခံရခြင်း မရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(ဗဟို) မှ ထုတ်ပြန်ထားသည့် ၎င်းရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညှန်ချက်များနှင့်အညီ ကျေးရွာအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအားလုံး မဖြစ်မနေပြင်ပသို့ သွားလာပါ က နှာခေါင်းစီး(Mask) စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်၊ အပြင်မှပြန်လာပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ နေရပ်ပြန်ပြည်သူများ ဝင်ရောက်လာမှုရှိခဲ့လျှင် သက်ဆိုင်ရာ ကျန်းမာရေး ကျန်းမာရေး ဌာနနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ အသိပေးအကြောင်းကြားရန် စသည့်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သော အချက်အလက်များကို ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ လူစည်ကားရာ နေရာများတွင် လှည့်လည်နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
နီလာအေး(ပြန်/ဆက်)