သတင်းများ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ပွဲသို့တက်ရောက်
Aug 31,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန် ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒေသဖွံ့ဖြိုးရေးထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဖျာပုံမြို့နယ်၌ Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်
Aug 31,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြ သူများအားလုံး Mask မတပ်ဆင်ပါက ယခုဝယ် ယခုတပ် စနစ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaign ပြုလုပ်
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၇ နာရီစတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင် လမ်းများအနှေးယာဉ်နှင့် သုံးဘီးယာဉ်ဂိတ်များသို့ သွားရောက် ဆောင်ရွက်ခဲ့ ကြ ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask များ တပ်ဆင်ခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့ ညနေ(၃) နာရီအချိန်က ရှောင်တခင်စစ်ဆေးခဲ့သည်။
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအသိပညာပေး (Mask Compaign) ပြုလုပ်
Aug 31,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်စေရေးအတွက် ကျိုက်ဒုံမြို့အဝင် ဂိတ်နေရာများ၌ (MaskCompaign) ကျန်းမာရေးအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ဘိုကလေးမြို့နယ်တွင် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာစေရေးအတွက် ယခုဝယ်ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့နံနက်(၈)နာရီမှ စတင်၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) (၃)ခုလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ယခုဝယ်ယခုတပ် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။
နန်းဖဲ-ဘောလခဲမြို့ကြား မိုက်စလောင်းတောင် စခန်းအနီး ဟွန်တာဖစ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးမြောင်းထဲထိုးကျ
Aug 31,2020
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင်း မိုက်စလောင်းတောင် စခန်းအနီး ဘောလခဲဘက်အဆင်း အကွေ့တွင် ယမန်နေ့ ညနေပိုင်း(၄)နာရီက ဟွန်တာဖစ် ခဲရောင်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲ ထိုးကျခြင်း ဖြစ်ပွားခဲ့သည်။
သီပေါမြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သောမိုးစပါး (RS-CS) မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မန်ဟဲကျေးရွာအုပ်စု ဘက်စုံနည်းပညာသုံး စံပြကျေးရွာဖြစ်သည့် နားခဲကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြောင်း သိရသည်။