နမ့်ဆန် ဩဂုတ် ၃၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွန်ချက်ဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များတို့က ယနေ့နံနက် (၇)နာရီအချိန် က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး မင်္ဂလာ ရပ်ကွက်ရှိ နံနက်ခင်းဈေးတွင် mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်မြှင့် ပြန်လည်ဆောင်ရွက်လျှက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင်မှု ရှိလာစေရန်အတွက်၊ ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခြင်းများ၊ မြို့နယ်အဝင် စစ်ဆေးကြပ်မတ်သည့် လုပ်ငန်းများကို အရှိန်မြင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်တွင် ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်မှုရှိလာစေရေးအတွက် mask Campaign ပြုလုပ်ပြီး ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများတို့ကို mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းတွင် ပြည်သူများ မိမိကစကာကွယ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုကို ပူးပေါင်းပါဝင်လာစေရေး အသိပညာပေးခြင်းကို တဆက်တည်း လှည့်လည်နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန်၊ ပြန်/ဆက်)