Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောက်ပန်းတောင်းမြို့နယ်လက်ပံပျားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ၎င်းတို့မိသားစုဝင်များသည် လက်ပံပျားကျေးရွာ၊ မနောမယဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှင်ဗွေယန်၊ ပန်ဆောင်၊ ဒုံဟီးလမ်းဆုံ၊ နေရာ၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းများလစာထုတ်ရက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်
Aug 31,2020
ယနေ့ သြဂုတ် ၃၁ ရက်နေ့ နိုင်ငံ့ဝန်ထမ်းများ၏ လစာထုတ်ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြန်မာ့စီးပွားရေးဘဏ်၌ လစာထုတ် လာရောက်ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လစာငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 31,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Cash For Work စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)မှ ကိုဗစ်-၁၉ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခမ်းမှ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ 200KVA ထရမ်စဖော်မာ(၂)လုံး တိုးချဲ့ တပ်ဆင်ပေးပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ သုံးစွဲနိုင်
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာ ညွန့်လမ်းနှင့် ယောမင်းကြီးလမ်းတို့၌ ပြည်သူများ မိုးရာသီကာလများတွင် ဖြစ်ပေါ်တတ်သော လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် 200 KVA ထရမ်စဖော်မာ(၂)လုံး တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဩဂုတ်(၂၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်သူများသို့ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ဓာတ်အားပို့လွှတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ စစ်ဆေး
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ အရှေ့ ရေဖြူကင်း ကျေးရွာတွင် ကိုဗစ်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရ မှ ထောက်ပံ့သည့်ငွေများကို ယမန်နေ့ နံနက်ပိုင်း အရှေ့ရေဖြူကင်းကျေးရွာရှိ အိမ်ထောင်စု(၉၅)စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30330
Page
30331
Page
30332
Page
30333
Current page
30334
Page
30335
Page
30336
Page
30337
Page
30338
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department