သတင်းများ

ကျိုက်မ​ရော၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေး​ ကျေးရွာအ​ရောက် ကွင်းဆင်း တိုက်ဆိုင်စစ်​ဆေး
Aug 31,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​ ​နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး ​ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်/​ကျေးရွာများရှိမဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ မဲ​ပေးခွင့်ရရှိနိုင်​ရေးအတွက် ဌာနဆိုင်ရာအဖွဲ့များ၊​ ကျေးရွာ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင် အဖွဲ့ခွဲဝင်များပူး​ပေါင်း၍ သိမ်ဖြူကုန်း​ကျေးရွာ၊ ကြက်သွန်ကုန်း​ကျေးရွာ၊ လှည်းတန်း​ကျေးရွာအုပ်စုများရှိ အိမ်​​​ထောင်စုများသို့ မဲစာရင်းများ မှန်ကန်မှုရှိ​စေရေးအတွက် ယမန်​နေ့​ နေ့လယ်၁နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်​ဆေး ခဲ့ကြသည်။
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ (၆)နာရီအချိန် က (၁၅)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က (၂)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၇)ဦးအား ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Aug 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းကို ယမန်နေ့နံနက်ပိုင်း က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ COVID-19 Economic Relief Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့
Aug 31,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ COVID-19 Economic Relief Plan အရ Action Plan တွင် ပါဝင်သော ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက် ငါးမွေး ကန်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
မိုင်းဖြတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Aug 31,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယမန်နေ့ နံနက် ၉နာရီအချိန်က မိုင်းဖြတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ပင်လောင်းမြို့နယ်၌ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ နိုင်ရေး အစည်းအဝေးပြုလုပ်
Aug 30,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သက်ဆိုင်ရာ လွှတ်တော်များသို့ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများ ကပ်ထားကြေညာနိုင်ရေး အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံနေရာ စီစဉ်ထားရှိမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 30,2020
အောင်မြေသာစံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် မဲရုံနေရာ စီစဉ်ထားရှိမှုများကို ယနေ့နံနက် ၉နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြ‌ကြောင်း သိရသည်။
ကျိုက်မ​ရော၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေး ​ကျေးရွာအ​ရောက်ကွင်းဆင်းစစ်​ဆေး
Aug 30,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး ​ကောက်ပွဲအတွက်