လှိုင်းဘွဲ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၁၇၆)ရုံဖွင့်လှစ်ထားရာ ပထမအကြိမ် ကပ်ထားကြေညာပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများအား ပြင်ဆင်ဖြည့်စွက်ပြီး မဲစာရင်းအရ မဲဆန္ဒရှင်စာရင်း ဦးရေ(၂၃၅၇၁၈)ဦးရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်အမှတ်-၈ (၆)ဦး အမျိုးသားလွှတ်တော်အမှတ်-၉ (၅)ဦး၊ပြည်နယ်လွှတ်တော်-၁ (၆)ဦး၊ ပြည်နယ် လွှတ်တော်-၂ (၅)ဦး၊ ဗမာတိုင်းရင်းသားဝန်ကြီး (၁၀)ဦး၊မွန်တိုင်းရင်းသားဝန်ကြီး(၈)ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ဝန်ကြီး(၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)