လေးမျက်နှာ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အောင်မင်္ဂလာဈေးမှ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ဈေးအတွင်းရှိ ဈေးရောင်းသူ၊ ဈေးဝယ်သူပြည်သူများ လက်သန့်ဆေးရည်အသုံးပြုပြီး လက်မကြာခ ဏဆေးရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်စည်း မဖြစ်မနေတပ်ဆင် သွားလာကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကျန်းမာရေးသတင်းများဖတ်ရှုရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း တပ်ဆင်လာခြင်း မရှိသူများအား Mask တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)