သတင်းများ

ကန်ကြီးထောင့်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရ သစ်ပင်များစိုက်ပျိုး
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ် ၁ ရပ်ကွက်ရှိ သုဿာန်အဝင် လမ်းဘေးဝဲယာများ၌ အရိပ်ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရန် ကွင်းဆင်းစစ်ဆေး
Aug 31,2020
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက် version1.1နှင့်အညီ စားသောက်ဆိုင်များ ကျန်းမာရေးအရေးပေါ်ကာလအတွင်း ပြင်ဆင်ရောင်းချမှုရှိမရှိအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာပူးပေါင်းဌာနများဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း (၁၉)လမ်း အသင်းထောက်သို့ မော်တော်ယာဉ်တစ်စီးပေးအပ်လှုဒါန်း
Aug 31,2020
မန္တလေးမြို့ ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း (၁၉)လမ်းအသင်းထောက်သို့ မော်တော်ယာဉ်တစ်စီးပေးအပ် လှုဒါန်းခြင်း ကို ယမန်နေ့ နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉လမ်းနှင့် လမ်း၉၀ကြား၊ ရတနာမဉ္ဇူ ဘုရားဝင်းအတွင်းရှိ လယ်ပြင်မြောက် ကျောင်းတိုက်တွင် ကျင်းပသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်
Aug 31,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့ နံနက်၁၀ နာရီအချိန်က စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မ၌ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကျေးရွာများအရောက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က(ရွှေလောင်း)ကျောင်း၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ချောက်)တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)(အခမဲ့)ဖြန့်ဝေ
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ချောက်)တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)(အခမဲ့)ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောက်ဖက်ဈေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်ဆင်စုရပ်ကွက် မိကျောင်းရဲဓမ္မာရုံ၌ ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်
Aug 31,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၁၇စုအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီကို တာဝန်ရှိသူများက ဆင်စုရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းကစတင်၍ အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့ ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 31,2020
မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်၍ မေတ္တာမြို့ တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက်၇နာရီခွဲက စတင်ကာ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြာင်းသိရသည်။