သတင်းများ

မိုးနဲမြို့၌ နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကျင်းပ
Feb 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေး စီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက် အမှတ် (၁၃)တွင် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက် မဟာသုခချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ လင်းခေးခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကျင်းပ
Feb 29,2020
မန္တလေးခရိုင် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာမူဝါဒ မဟာဗျူဟာမိတ်ဆက် ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ငံရိုးကျေးရွာ သာသနာပြုကျောင်း၌ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ
Feb 29,2020
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ငံရိုးသာသနာပြုကျောင်း ဒက္ခိဏာရာမ ဓမ္မာရုံအတွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ကလောမြို့နယ်၌ ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းပေး
Feb 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး စနေနေ့တိုင်း ဆောင်ရွက်
Feb 29,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက်၊ ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ရာ မြို့သစ်​မြို့ စီမံကိန်းရုံးရှေ့ တောင်တွင်းကြီး မြို့သစ်ကားလမ်းတစ်လျှောက်ရှိ ခြုံနွယ်များနှင့် အမှိုက်များကို ဝန်ထမ်းအင်အား (၁၅၀)ဦးခန့်ဖြင့် စုပေါင်းကောက်ယူ သိမ်းဆည်းကြပြီး စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်နေရာသို့ အရောက်ပို့ဆောင် ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုနှင့် တောဆင်ရိုင်းဖျက်စီးမှုကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ငွေများပေးအပ်
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုးရယ်အောင်မြတ်နှင့် အဖွဲ့တို့က (၁၉.၂.၂၀၂၀) ရက်နေ့တွင် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)၊ အိမ်ထောင်စု(၄)စု ကျား(၁၂)ဦး မ(၇)ဦးတို့အတွက်
မိုင်းယောင်းမြို့နယ်တွင် တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်
Feb 29,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံ စိုက်ပျိုးသော တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 29,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှု သင်တန်းအား ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။