စဉ့်ကိုင် သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီးဌာန၀န်ကြီး၊ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင် သည် တိုင်းစည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး ၊ ဒုအင်ဂျင်နီယာမှူးကြီး ဦးအောင်နိုင်ဦး တို့လိုက်ပါ၍ စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က မြို့တွင်း ရန်ကုန်-မန္တလေးကား လမ်းဟောင်း လမ်းလယ် ကျွန်း တွင် ခေတ်မီလမ်းမီးတိုင် Double arms များ ထပ်မံ တပ်ဆင်နေမှုကို ယမန်နေ့ ညနေ(၅)နာရီ က ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ Led (80)w မီးလုံးနှင့် Single Arms (၇၅)စုံ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကိုမြို့နယ် စည်ပင်သာ ယာရေး ကော်မတီ ခန်းမတွင် ကျင်းပခဲ့ရာ ၀န်ကြီးဒေါက်တာရဲလွင်က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရွှေခိုင် က ကျေးဇူးတင် စကားပြန်လည်ပြောကြား ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က Led (80)w မီးလုံးနှင့် Single Arms (၇၅)ခု အားပေးအပ်လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌဦးရွှေခိုင်နှင့် စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်းတို့က လက်ခံရယူခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြည့်မို့မို့လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဦးအောင်နိုင်လင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၀င် များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း