ထန်းတပင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထား
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြု လုပ်မည့် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ် အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင် (၁၈)ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)နှင့် ပဲခူးတိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည်တင်သွင်းထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း(၈)ဦးတို့၏ အမည်စာရင်းကြေညာချက်ပုံစံ (၁၀-က)များအား ထန်းတပင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ယနေ့ နံနက် ၉ နာရီက ကပ်ထားကြေညာထားသည်။