ငဖဲ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Human Papillomavirus) ထိုးနှံပေးနိုင်ရေးအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် ၈နာရီမှ ညနေ ၄နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်း(၆၃)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
သင်တန်းတွင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာထင်ကျော်က သားအိမ်ခေါင်း ကင်ဆာ ရောဂါဆိုင်ရာ သိကောင်း စရာများ၊ အိတ်ပီဗီ(Human Papillomavirus) ပိုးနှင့် ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဘေးအန္တရာယ် ကင်းစွာထိုးနှံပေးခြင်း၊ မှတ်တမ်းပြုစုခြင်း ၊ သတင်းပေးပို့ခြင်းနှင့် မြို့နယ်ကျန်းမာရေးမှူးဒေါ်မူမူ က ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် HPV ကာကွယ်ဆေးထည့်သွင်းထိုးနှံရန်လုပ်ငန်းအဆင့်ဆင့်များကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လ အတွင်းမွေးဖွားသည့်အသက် ကိုးနှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အမျိုးသမီးငယ် စုစုပေါင်း ၅၀၉ ဦးရှိကြောင်း သိရှိရသည်။
မယု(ငဖဲ)