သတင်းများ

မအူပင်မြို့၌ နေအိမ်မှပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက ''ယခုဝယ်၊ယခုတပ်'' စနစ်ဖြင့် စတင်ဆောင်ရွက်
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်မှပြင်ပသို့ထွက်ခွာသူများ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက “ယခုဝယ်၊ယခုတပ်” စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် ကြက်ခြေနီမှ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေ
Aug 31,2020
လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကြက်ခြေနီမှ ယနေ့နံနက် ၉ နာရီက ကန်ကြီးထောင့်မြို့မဈေး၌ နှာခေါင်းစည်း (Mask)အခု ၂၀၀ အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာစျေးအတွင်း စျေးဝယ်၊ စျေးသည်များအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြရန် နေ့စဉ်ကြပ်မတ်ဆောင်ရွက်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲနေသည့် မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်ကြရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ နေ့စဉ်ကြပ် မတ်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 31,2020
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက လူစည်းကားရာနေများဖြစ်သော ဟိုပင်မြို့ မြို့မစျေး၊ ကားဂိတ်နှင့် ရွှေဘို- မြစ်ကြီးနားလမ်း ပြည်ထောင်စုလမ်းမကြီး အ.ထ.က ဟိုပင်ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask) ၁၅၀၀ ခုကို မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၀င်များနှင့် လူမှုကူညီရေးကား အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြသည်။
ကန့်ဘလူ၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်း ထိုးနှံခြင်းသင်တန်းဖွင့်လှစ်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်အတွင်းရှိ အသက် ကိုးနှစ်မှ ဆယ်နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြို တင်ကာကွယ်နိုင်ရေးအတွက် ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papillioma Virus(HPV) ဆေးထည့်သွင်းထိုးနှံခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကမာရွတ်မြို့နယ်အတွင်းရှိ Bar၊ Night Club၊ KTV နှင့် ဟိုတယ်များအား ရှောင်တခင် စစ်ဆေး
Aug 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ Bar ၊ Night Club ၊ KTV နှင့် ဟိုတယ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိအား ကြပ်မတ်စစ်ဆေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယ မန်နေ့ ညနေ (၅)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကြေညာ
Aug 31,2020
၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကင်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။