နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ CNJ မှုခင်းသတင်းအဖွဲ့မှ နေအိမ်ပြင်ပထွက်ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ နံနက် ၉နာရီက မြို့မစည်ပင် သာယာရေး ဈေးအရှေ့ဘက်လမ်းဆုံနှင့် မြို့နယ်တြိဂံလမ်းဆုံတို့တွင် အခမဲ့လိုက်လံဝေငှပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ လိုက်လံဝေငှပေးရာတွင် နတ်မောက်မြို့ CNJ မှုခင်းသတင်းထောက် ခရိုင်တာဝန်ခံ ဦးကျော်သိန်းဦး နှင့် တပ်ဖွဲ့ ဝင်များ၊ မြို့မရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ခိုင်စိုးသူဆိုင်ကယ် ကယ်ရီအဖွဲ့တို့ ပူးပေါင်း၍ ဈေးရောင်း ဈေးဝယ်သူများ၊ သုံးဘီးယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာသူများအား နှာခေါင်းစည်း Mask(၁၇၀၀)ကို လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရှိရသည်။
လှဝင်း (နတ်မောက်)