မရမ်းကုန်း ဩဂုတ် ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်အတွင်း ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အနေဖြင့် မဲရုံးပေါင်း ၁၂၁ လျားထားလျက်ရှိပြီး အသက်(၁၈)ပြည့်ပြီး မဲဆန္ဒပေး ပိုင်ခွင့်ရှိသူ ကျား(၆၅၇၀၇)ဦးနှင့် မ(၇၇၇၂၆) ဦး စုစုပေါင်း(၁၄၃၄၃၃)ဦး ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)