ပင်လည်ဘူး ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ပင်လည်ဘူးမြို့နယ် အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် ယာဉ်များဖြင့် ဝင်ရောက်လာကြသည့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းစက်များဖြင့် ကျန်းမာရေးစစ်ဆေးခြင်း၊ အပြင်ထွက်လျင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေးတို့ကို နေ့စဉ်တိုးမြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများအား ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်း စည်းများ တပ်ဆင်ရေး၊ လက်ဆေးအသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကျင့်သုံးရန်၊ ခရီးသွားမှတ်တမ်းများ စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ရှိစေရေး ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)