ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီး ဦးထွန်းထွန်းဦး ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာသို့ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပေါင်းတည် သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦး သည် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခရိုင် ပေါင်းတည်မြို့ ရောက်ရှိပြီး မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ် ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး Facility Quarantine Centre သို့ သွားရောက်၍ စောင်ကြည့် ခံရသူများကို အားပေးစကားများ ပြောကြား ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းဖြစ်သည့် Surgical Mask ၅၀၀ ခု PPE ဝတ်စုံ ၂၀ နှင့် Hand Gel ၂၅ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်လှူဒါန်းသည့်ပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးစိုးမင်းသူနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့က အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)