ချောက်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များ ကပ်ထား

ချောက် ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်   ကျင်းပပြုလုပ်မည့်  အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၀)ဦး၏ အမည်စာရင်းကို ကပ်ထားကြောင်း သိရသည်။

ကြေညာချက် ပုံစံ(၁၀)နှင့် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည်စာရင်း တင်သွင်းထားသည့် ချင်း တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁)ဦးတို့၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀-က)များအား ချောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဩဂုတ်လ(၃၀)ရက်နေ့က ကပ်ထားကြေညာထား‌ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

မချို(ပြန်/ဆက်)